တိုက်စစ်မှူး ၃ ဦးကို ပထမဆုံးအကြိမ် တပြိုင်နက် အသုံးပြုချင်ကြောင်း ဂျူဗင်တပ်စ်နည်းပြ ပြော

399
ဟန်ဂေရီချန်ပီယံ ဖာရန်ဗားရို့စ်အသင်းနဲ့ကစားရမယ့်ပွဲစဉ်ဟာ စီရော်နယ်ဒို၊ ဒီဘားလားနဲ့ မိုရာတာတို့ တိုက်စစ်မှူး ၃ ဦး ပထမဆုံးအကြိမ် အတူကစားရမယ့်ပွဲ ဖြစ်တယ်လို့ ဂျူဗင်တပ်စ် နည်းပြ ပီယာလိုက ပြောပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ နိုဝင်ဘာ ၂၄ ရက်မှာ ပထမအကျော့တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဖာရန်ဗားရို့စ်နဲ့ အိမ်ကွင်းမှာ ပြန်လည်ယှဉ်ပြိုင်ရမှာပါ။
ပထမအကျော့က ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်ကစားနိုင်ဖို့ လိုပြီး ခက်ခဲတဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ နည်းပြ ပီယာလိုက ပြောပါတယ်။
အသင်းတိုက်စစ်ပိုင်းမှာတော့ အခုနှစ်ရာသီမှာ အဓိကတိုက်စစ်မှူး ၃ ဦးစလုံး ပါဝင်ကစားမယ့် ပထမဆုံးပွဲ ဖြစ်လာလိမ့်မယ်လို့ ပီယာလိုက ပြောပါတယ်။
ဂျူဗင်တပ်စ် တိုက်စစ်မှာ စီရော်နယ်ဒို၊ ဒီဘားလားနဲ့ ကစားသမားသစ် မိုရာတာတို့ ၃ ဦး အတူတွဲဖက် ကစားရခြင်း မရှိသေးတာ ဖြစ်ပါတယ်။