နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရွှေလီကြိုးတံတား ကျိုးကျ
DVB
·
November 23, 2020
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းအထွက်ရှိ ရွှေလီ ကြိုးတံတားဟာ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်က ကျိုးကျသွားတယ်လို့ သိရပါတယ်။
အဲဒီတံတားဟာ သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်ပြီး အသုံးအပြုတော့တာ ၈ နှစ်လောက် ရှိနေပြီလို့ နမ့်ခမ်းက ကျားဖြူပါတီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။
“တံတားက တော်တော်ကြာပြီ နှစ်ပေါင်း ၁၀၀ ကျော်သွားပြီလေ။ သုံးလည်းမသုံးတော့ဘူး၊ အလှပဲ ထားထားတာ။ အင်္ဂလိပ်ခေတ်တုန်းက ဆောက်ထားတဲ့ဟာလေ။ အဲဒါမြစ်ထဲကျ သွားတာပေါ့နော်။ ”
တံတားဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အထွက် ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်ကိုသွားတဲ့ နမ့်ခမ်းလမ်းမကြီးပေါ် တည်ရှိပြီး ဒေသခံလူထု အဓိက အားထားခဲ့ရတဲ့ တံတားဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - မွေလျန်း