A d v e r t i s e m e n t With Us

AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းထိရောက်ဟု ကုမ္ပဏီပြော

ဗြိတိန် ဆေးဝါးထုတ်လုပ်သူ AstraZeneca ဆေးကုမ္ပဏီက အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းစမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ တကြိမ်ထိုးရုံနဲ့ ထိရောက်မှု ၉၀ ရာခိုင်နှုန်းလောက် ရှိနိုင်တယ်လို့ နိုဝင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။ ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းမှုက ကိုဗစ်-၁၉ ကို တိုက်ဖျက်ရာမှာ ထိရောက်မှု မြင့်မယ်လို့ အတည်ပြုပါတယ်။ ဒါ့အပြင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအပေါ် ချက်ချင်းသက်ရောက်မှု ရှိလိမ့်မယ်လို့ AstraZeneca ရဲ့ အမှုဆောင်အရာရှိချုပ် ပါစကယ်ဆိုရီးယော့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ကမ္ဘာ့စီးပွားရေးကို နက်နက်နဲနဲ ကျဆင်းစေပြီး လူ ၁ ဒသမ ၄ သန်းနီးပါး သေဆုံးပြီးပြီ ဖြစ်တဲ့ ကူးစက်ကပ်ဘေးကို တိုက်ဖျက်ဖို့ ကြိုးစားနေချိန်မှာ AstraZeneca ရဲ့ ကနဦးစမ်းသပ်ချက် ရလဒ်ဟာ အခက်အခဲကို ကျော်ဖြတ်နိုင်ရေး ပူပူနွေးနွေး အားထုတ်မှုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရင်သီတင်းပတ်က ထိရောက်မှုရလဒ်ကို ကြေညာတဲ့ ဖစ်ဇာနဲ့ မိုဒါနာအပြီး AstraZeneca နဲ့ပါဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ်နိုင်ခြေ ၃ မျိုး ရှိလာပါပြီ။ ရုရှကလည်း သူ့ရဲ့ စပွတ်ညစ်ဖိုက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက ထိရောက် ဘေးကင်းတယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီဆေးတွေအားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နဲ့ သက်ဆိုင်ရာ အစိုးရ ဆေးဝါး စိစစ်စည်းမျဉ်းကြပ်မတ်သူ အဖွဲ့အစည်းတွေအသီးသီးရဲ့ အတည်ပြုချက်ကို ရဖို့ လိုပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up