A d v e r t i s e m e n t With Us

အာဖဂန်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ ဩစတြေးလျ ကာကွယ်ရေးတပ် ဝန်ခံရမည်

အာဖဂန်နစ္စတန်နိုင်ငံအတွင်း စစ်သည်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ လတ်တလော အစီရင်ခံစာကို သြစတြေးလျ ကာကွယ်ရေးတပ်က ဝန်ခံရမယ်လို့ ထိပ်တန်း စစ်တပ်အရာရှိက နိုဝင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ နောက်ထပ် ရက်စက်ယုတ်မာမှုတွေ မဖြစ်တာ သေချာစေရေး အပြောင်းအလဲတွေ လုပ်ဖို့ကိုလည်း သူက ကတိပေးလိုက်ပါတယ်။ ၂၀၀၅ ကနေ ၂၀၁၆ ကြား အာဖဂန်နစ္စတန်နိုင်ငံအတွင်း အထူးတပ်ဖွဲ့ဝင်အရာရှိတွေရဲ့ လုပ်ရပ်အပေါ် စုံစမ်းစစ်ဆေးအပြီး နိုဝင်ဘာ ၁၉ ရက်မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်ရေးအတွက် ရဲဆေးတင်ဖို့ အကာအကွယ်မဲ့ အကျဉ်းသားတွေကို သတ်ဖို့ အကြီးတန်း ကွန်မန်ဒိုတွေက အငယ်တန်းစစ်သားတွေကို အတင်းဖိအားပေး ခိုင်းစေခဲ့တာကို အဲဒီ အစီရင်ခံစာက တွေ့ရှိခဲ့ပါတယ်။ ၂၀၁၁ အရှေ့အလယ်ပိုင်းမှာ စစ်ဦးစီးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ချက်တွေ အပါအဝင် အစီရင်ခံစာက စေ့စေ့စပ်စပ် စစ်ဆေးအစီရင်ခံတာ သေချာစေရေး တာဝန်ယူသွားမယ်လို့လည်း သြစတြေးလျ ကာကွယ်ရေးတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးအန်းဂတ်စ်ကမ့်ဘဲလ်က နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။ လက်ရှိစစ်သားတွေနဲ့ စစ်သားဟောင်း လူ ၁၉ ယောက်ကို တရားစွဲဖို့ကိုလည်း အစီရင်ခံစာက ထောက်ခံထားတယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up