A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကူးစက်မှုတိုးနေသည့် နယူးဒေလီတွင် ဈေးဝယ်သူများဖြင့်စည်ကား

အိန္ဒိယနိုင်ငံရဲ့ မြို့တော်နယူးဒေလီမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု တိုးနေပေမယ့် နိုဝင်ဘာ ၂၂ ရက်က ဈေးတွေမှာ လူအုပ်လိုက် ဈေးဝယ်နေတာ တွေ့ရပါတယ်။ လူစည်ကားတဲ့ ဈေးတွေရဲ့ ဝင်ပေါက်တွေမှာ အပူချိန်တိုင်းတာ စစ်ဆေးနေပြီး ဈေးဝယ်သူတွေကိုလည်း လူချင်းခွာနေကြဖို့နဲ့ ပါးစပ်နှာခေါင်းစည်း တပ်ကြဖို့ ဆော်သြနေပါတယ်။ ဒေလီမြို့မှာ နိုဝင်ဘာ ၂၁ ရက်က တရက်တည်းမှာ ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ ၁၁၁ ယောက်နဲ့ စံချိန်တင်ခဲ့ပါတယ်။ ၂၄ နာရီအတွင်း ဒေလီမြို့မှာ စုစုပေါင်း ကူးစက်ခံ လူဦးရေ ၅,၈၇၉ ယောက် ရှိခဲ့ပါတယ်။ အနားက ဥတ္တာပရာဒေ့ရှ် ပြည်နယ်အပါအဝင် အိမ်နီးချင်းပြည်နယ်တွေမှာ ဒေလီကနေ လေယာဉ်၊ ဘတ်စ်ကား၊ ရထားတို့နဲ့ ရောက်လာသူတွေကို စတင်စစ်ဆေးနေပါပြီ။ အိန္ဒိယမှာ တနင်္ဂနွေနေ့ထိ ကူးစက်ခံဦးရေ စုစုပေါင်း ၉,၀၉၆,၀၀၀ နီးပါးရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၃၃,၀၀၀ ကျော် ရှိနေပါတယ်။ အိန္ဒိယဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up