Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၄၆ ဦး ထပ်မံတွေ့ရှိ
DVB
·
November 22, 2020
မကွေးတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ လူနာသစ် ၄၆ ဦး ထပ်မံတွေ့ရှိတယ်လို့ မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ပိုးတွေ့လူနာတွေကတော့ ချောက်မြို့နယ်က ၉ ဦး၊ စလင်း ၈ ဦး၊ မြိုင်က ၇ ဦး၊ ရေနံချောင်းနဲ့ မင်းဘူးက ၆ ဦးစီ၊ နတ်မောက် ၄ ဦး၊ ကံ၊ အောင်လံ၊ မကွေး၊ ရေစကြို၊ ဂန့်ဂေါနဲ့ တောင်တွင်းကြီးက ၁ ဦးစီတို့ဖြစ်ပါတယ်။ ပိုးတွေ့လူနာတွေအနက် အောင်လံi ၁ ဦးမှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှု ရှိတာကြောင့် အသွားအလာကန့်သတ်ထားသူဖြစ်ပါတယ်။ မကွေး ၁ ဦး၊ မင်းဘူး ၁ ဦးနဲ့ ရေစကြိုက ၁ ဦးတို့ကတော့ ယာဥ်မောင်း၊ ယာဥ်​​နောက်လိုက်တွေ ဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့က ပြန်လာသူတွေဖြစ်ကာ Quarantine ဝင်နေသူတွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မကွေးတိုင်းဒေသကြီးမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၅၉ ဦး ရှိပြီလို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမားရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် Mask စနစ်တကျအသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024