မြစ်ကြီးနားမြို့တွင် ဆိုင်ထိုင်စားခွင့်ပြုနိုင်ရန် ဆိုင် ၃၀၀ ကျော်ကို စစ်ဆေး
DVB
·
November 22, 2020
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ ဆိုင်ထိုင်စားခွင့်ပြုဖို့ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင် ၃၀၀ ကျော်ကို နိုဝင်ဘာ ၂၁ ရက်နေ့က လိုက်လံစစ်ဆေးခဲ့ပါတယ်။
စစ်ဆေးထားတဲ့ ရလဒ်တွေကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပြည်နယ်အဆင့်ကို တင်ပြသွားမှာဖြစ်ပြီး ကိုဗစ်ကာလ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ အဆင့် အေ ရရှိတဲ့ ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်တွေမှာ ဒီဇင်ဘာလအတွင်း ဆိုင်ထိုင်စားသောက်နိုင်ဖို့အတွက် မြို့နယ်စည်ပင်သာယာရေးကောမတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးအဖွဲ့နဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး လိုက်လံစစ်ဆေးနေတာပါ။
၂၀၂၀ ခုနှစ် မတ်လကစပြီး မြစ်ကြီးနာမြို့မှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေ ပါဆယ်စနစ်နဲ့သာ ရောင်းချစေခဲ့တာဖြစ်ပါတယ်။
မီးမီး