ဘရာဇီးနိုင်ငံမြို့အချို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွား

152
ဘရာဇီးတောင်ပိုင်း ပေါ်တိုအယ်ဂရီမြို့မှာ လုံခြုံရေးဝန်ထမ်းတွေ ရိုက်နှက်လို့ လူမည်းတစ်ယောက် သေဆုံးခဲ့ပြီးနောက် မြို့အချို့မှာ နိုဝင်ဘာ ၂၀ က အကြမ်းဖက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဆော်ပေါလိုမြို့မှာ ဆန္ဒပြသူ ဒါဇင်ခန့်က ကာဟယ်ဖို ဘရာဇီယို စူပါမားကတ်ကို လုယက်ဖျက်ဆီးခဲ့တာပါ။ ဆန္ဒပြသူတွေက စူပါမားကတ်ရဲ့ ရှေ့မှန်တွေကို ခဲတွေနဲ့ ရိုက်ခွဲ၊ ရှေ့တံခါးတွေကို ဆွဲဖွင့်ခဲ့ပါတယ်။ အဲဒီနောက် ဆိုင်ထဲ ဝင်စီးနင်းခဲ့ပြီး ပစ္စည်းတွေ ကြဲကျခဲ့ပါတယ်။
ဒါ့အပြင် ပေါ်တိုအယ်ဂရီမြို့က စူပါမားကတ်နဲ့ ရီယိုဒိဂျနေးယိုး မြို့တွေမှာလည်း အလားတူ ဆန္ဒပြတာတွေ ဖြစ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၉ ရက်မှာ ကာဟယ်ဖို ဘရာဇီယို ဆိုင်ဝန်ထမ်း ၁ ဦးကို လူမည်း ၁ ယောက်က ခြိမ်းခြောက်ခဲ့ပြီးနောက် ဆိုင်ဝန်ထမ်းက လုံခြုံရေးကိုခေါ်ခဲ့ပါတယ်။
အဲဒီလူဟာ အသက် ၄၀ အရွယ် လူမည်း ၁ ဦးဖြစ်ပြီး လုံခြုံရေး ဝန်ထမ်းတွေရဲ့ ရိုက်နှက်တာ ခံရပြီးနောက် နိုဝင်ဘာလ ၂၀ ရက်မှာ သေဆုံးခဲ့ပါတယ်။
မှုခင်းရဲတပ်ဖွဲ့ကနဦး စုံစမ်းချက်တွေအရ သူဟာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။