သပိတ်ကျင်းမြို့ မြောက်-အရှေ့မြောက်ဘက်တွင် မြေငလျင်လှုပ်
DVB
·
November 21, 2020
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရဲ့ မြောက်-အရှေ့မြောက်ဘက်မှာ အင်အား ၃.၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄ နာရီ၊ ၁၅ မိနစ်၊ ၃၅ စက္ကန့် အချိန်က သပိတ်ကျင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၀၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၁ ဒီဂရီ၊ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။