သမ္မတထရမ့်၏သား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

177
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာဟာ ဒီသီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် အန်ဒရူး ဂူလီယန်နီက ဆိုပါတယ်။
ထရမ့်ဂျူနီယာဟာ ရောဂါလက္ခဏာ ပြသတာ မရှိဘဲ သူရဲ့ အိမ်မှာ ကွာရန်တင်းဝင်နေတယ်လို့ ဆိုပါတယ်။
အန်ဒရူး ဂူလီယန်နီဟာ သမ္မတ ထရမ့်ရဲ့ ရှေ့နေ ရူဒီ ဂူလီယန်နီရဲ့ သားဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ကိုဗစ်နိုင်တင်း ကူးစက်ခံထားရတယ်လို့ အန်ဒရူးက နိုဝင်ဘာလ ၂၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၂၁ ရက်အထိ ကိုဗစ်ကူးစက်ခံရသူ ပေါင်းက ၁၂ ဒသမ ၂ သန်းကျော် ရှိပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကိုဗစ်နိုင်တင်း ကူးစက်ခံရပြိး ဝေါ်တာရိဒ် စစ်ဆေးရုံမှာ ၃ ရက် တက်ရောက်ကုသခဲ့ရပါတယ်။