မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၈ ဦးထပ်တွေ့၊ သထုံက အများဆုံးဖြစ်
DVB
·
November 20, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၈ ဦး ထပ်မံတွေ့ရှိခဲ့ရာမှာ သထုံမြို့နယ်က ၄၇ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
ရောဂါပိုးတွေ့ရှိမှုအရ ကျိုက်ထိုမြို့နယ် ၇ ဦး၊ မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်တို့က ၅ ဦးစီ၊ ကျိုက်မရောနဲ့ ပေါင်မြို့နယ်တို့က ၁ ဦးစီ အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်ကလာသူ ၂ ဦး တို့ဖြစ်ပါတယ်။
အတည်ပြုလူနာ ၆၈ ဦးအနက် ၁၅ ဦးဟာ ဘယ်ကကူးစက်မှန်းမသိတဲ့တွေ ပါဝင်နေသလို အသက် ၄ လအရွယ် ကလေးငယ်အပါအဝင် ကလေးငယ် ၁၂ ဦးမှာပါ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ သက်ဆိုင်ရာမြို့နယ်တွေက အသွား အလာကန့်သတ်ထားတဲ့ ကွာရန်တင်းစခန်းတွေမှာ စောင့်ကြည့်နေတဲ့သူတွေ ဖြစ်တယ်လို့ လည်း သိရပါတယ်။
မွန်ပြည်နယ်မှာ နိုဝင်ဘာ ၂၀ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၀၅၉ ဦးအထိ ရှိလာခဲ့ပါတယ်။