Live
Home
ရွေးကောက်ပွဲ
လွှတ်တော်အလိုက်၂၀၂၀ ရွေးကောက်ပွဲရလဒ်
DVB Digital
·
November 19, 2020
နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ(၂၆၀) ဦး အပါအဝင် ပါတီပေါင်း (၈၇) ခုမှ ကိုယ်စားလှယ်လောင်း (၅,၆၃၉) ဦးတို့က မဲဆန္ဒနယ်ပေါင်း (၁,၁၁၇) နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မူလကြေညာခဲ့တုန်းက မဲဆန္ဒနယ်ပေါင်း (၁,၁၇၁) နေရာရှိပေမယ့် အောက်တိုဘာ လမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ် (၅၄) နေရာ ထုတ်ပြန်ခဲ့တဲ့အတွက် မဲဆန္ဒနယ်ပေါင်း (၁,၁၁၇) နေရာမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ DVB Election Data လွှတ်တော်အလိုက် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေကတော့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၁၅)နေရာ ၊ အမျိုးသားလွှတ်တော် (၁၆၁)နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် (၆၁၂) နေရာနှင့် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် (၂၉) နေရာတို့ ဖြစ်ပါတယ်။ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး မဲပေးသူက ၂၇ သန်းကျော်ရှိတဲ့အတွက် မဲပေးသူနှုန်း ၇၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးနောက် တစ်ပတ်အကြာ နိုဝင်ဘာလ (၁၅) ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၄)ဦး အပါအဝင် ပါတီ(၁၉) ခုက အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဝင်ပြိုင်တဲ့ပါတီရဲ့ (၄) ပုံ (၁) ပုံအောက်သာ လွှတ်တော်ထဲကို ဝင်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ပါတီများ အနိုင်ရရှိမှုကိုကြည့်မယ်ဆိုရင် လွှတ်တော် (၃) ရပ်စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရာခိုင်နှုန်း (၈၀) ကျော် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၉၂၀) နေရာဖြင့် အများဆုံး အနိုင်ရရှိထားပြီး (၈၂.၃၆) ရာခိုင်နှုန်း ရှိပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၇၁) နေရာဖြင့် ဒုတိယအများဆုံးဖြစ်ပြီး အင်အားကြီး တိုင်းရင်းသားပါတီ တစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၄၂) နေရာဖြင့် တတိယ အများဆုံး နေရာ ရရှိထားပါတယ်။ ဒါ့ပြင် ရခိုင်အမျိုးသားပါတီက (၁၅)နေရာ၊ တအောင်း(ပလောင်)အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီက (၁၂)နေရာစီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက (၁၁)နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက (၈)နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါ တီက (၄)နေရာ၊ ရခိုင့်ဦးဆောင်ပါတီနှင့် “ဝ” အမျိုးသားပါတီက (၃)နေရာစီ၊ လားဟူအ မျိုးသား ဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီနှင့် ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီက (၂)နေရာစီ၊ ကယန်းမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက (၁)နေရာစီ အနိုင်ရရှိခဲ့ပါတယ်။ မဲဆန္ဒနယ်ပေါင်း (၃၁၅)နေရာရှိတဲ့ ပြည်သူ့လွှတ်တော်တွင် တစ်သီးပုဂ္ဂလနှင့် ပါတီစုစုပေါင်း (၈၀)တို့က ကိုယ်စားလှယ်လောင်း (၁,၅၆၅) ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာပါ။ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက (၂၈၅) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၂၆) နေရာ၊ ရှမ်းတိုင်းရင်း သားများဒီမိုကရေ စီအဖွဲ့ချုပ်ပါတီက (၁၃) နေရာ၊ ရခိုင်အမျိုးသား ပါတီက (၄) နေရာ၊ တအောင်း(ပလောင်) အမျိုးသားပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီတို့က (၃) နေရာစီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် မွန်ညီညွတ်ရေး ပါတီတို့က (၂) နေရာစီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ “ဝ” အမျိုးသားပါတီတို့က (၁) နေရာစီ အနိုင်ရရှိခဲ့ပါတယ်။ မဲဆန္ဒနယ်ပေါင်း (၁၆၁)နေရာရှိတဲ့ အမျိုးသားလွှတ်တော်တွင် တစ်သီးပုဂ္ဂလနှင့် ပါတီစုစုပေါင်း (၅၅)ပါတီတို့က ကိုယ်စားလှယ်လောင်း (၇၇၉) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၁၃၈) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၇) နေရာ၊ ရခိုင်အမျိုးသားပါတီက (၄) နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့က (၃) နေရာစီ၊ တအောင်း (ပလောင်) အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၂) နေရာစီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် ဒီမိုကရေစီပါတီသစ် (ကချင်)ပါတီတို့က (၁) နေရာစီ အနိုင်ရရှိခဲ့ပါတယ်။
မဲဆန္ဒနယ်ပေါင်း (၆၁၂) နေရာရှိတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် တစ်သီးပုဂ္ဂလနှင့် ပါတီစုစုပေါင်း (၈၅)ခုတို့က ကိုယ်စားလှယ်လောင်း (၃,၁၁၂) ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာပါ။ ဒါ့ပြင် တိုင်းရင်းသားရေးရာ ဝန်ကြီး (၂၉)နေရာအတွက် တစ်သီးပုဂ္ဂလနှင့် ပါတီစုစုပေါင်း (၃၃) ခုက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၅၀၁)နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက (၃၈) နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၂၇)နေရာ၊ တအောင်း(ပလောင်) မျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က (၇)နေရာစီ၊ မွန်ညီညွတ် ရေးပါတီက (၆)နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့က (၃)နေရာစီ၊ တစ်သီးပုဂ္ဂလ၊ ရခိုင့်ဦးဆောင်ပါတီနှင့် “ဝ” အမျိုးသားပါတီတို့က (၂)နေရာစီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ (ဒူးလေးပါတီ)၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီတို့ (၁)နေရာစီ အနိုင်ရရှိခဲ့ပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၂၃)နေရာ၊ တစ်သီးပုဂ္ဂလက (၂)နေရာ၊ မွန်ညီညွတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ (ဒူးလေးပါတီ)၊ ကယန်းအမျိုးသားပါတီနှင့် လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က (၁) နေရာစီ အနိုင်ရရှိထားပါတယ်။ လွှတ်တော် (၃)ရပ်ပေါင်း အနိုင်ရရှိမှုကိုကြည့်မယ်ဆိုရင် တိုင်းဒေသကြီးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တခဲနက် ထောက်ခံကြတာ အထင်အရှားပဲဖြစ်ပါတယ်။ ပဲခူး၊ မကွေး၊ တနင်္သာရီနှင့် ဧရာဝတီ စတဲ့တိုင်းဒေသကြီး (၄)ခုမှာ တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ကျန်တိုင်းဒေသကြီးများဖြစ်တဲ့ ရန်ကုန်၊ စစ်ကိုင်းနဲ့ မန္တလေး မှာတော့ တိုင်းလုံးကျွတ် အနိုင်မရရှိခဲ့ပေမယ့် (၉၀) ရာခိုင်နှုန်းကျော် နေရာ ရရှိခဲ့ပါတယ်။ ပြည်နယ် (၇)ခုအနက် ရခိုင်နဲ့ ရှမ်းပြည်နယ်မှအပ ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့်မွန် စတဲ့ပြည်နယ်တွေမှာ မဲဆန္ဒနယ် ထက်ဝက်ကျော်အနိုင်ရရှိထားတာဖြစ်ပါတယ်။ ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာတော့ သက်ဆိုင်ရာပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေ နေရာအများစုရရှိခဲ့ကြပါတယ်။
တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပဲ အများစုအနိုင်ရရှိထားတာ ဖြစ်ပါတယ်။ဒါ့ပြင် ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့်မွန် စတဲ့ပြည်နယ်တွေမှာလည်း မဲဆန္ဒနယ် ထက်ဝက်ကျော်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ရခိုင်နဲ့ရှမ်းပြည်နယ်မှာတော့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများလောက် အနိုင်မရရှိခဲ့ပေ။ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ ရခိုင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁၄)နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၄) တွင်သာ အနိုင်ရရှိခဲ့ပါတယ်။ အလားတူပဲ ရှမ်းပြည်နယ်လွှတ်တော် ဆန္ဒနယ် (၉၈)နေရာအနက် (၂၉) နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်၊ ကယား၊ ကရင်၊ မွန်စတဲ့ ပြည်နယ်များမှ တိုင်းရင်းသားပါတီများ ပူးပေါင်းပြီး ယှဥ်ပြိုင်ခဲ့ကြပါတယ်။ သို့သော်လည်း သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရရှိမှုဟာ ရခိုင်ပြည်နယ်မှအပ ကျန်ပြည်နယ်များတွင် ၅၀ ရာခိုင်နှုန်း မပြည့်ခဲ့ပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024