ပြင်သစ်တွင် လော့ဒေါင်းကာလ ရောင်းအားမြင့်နေဟု အမေဇုန် ပြင်သစ်အကြီးအကဲပြော

ပြင်သစ်လော့ဒေါင်းကာလအတွင်း ရောင်းအားမြင့်နေတယ်လို့ အွန်လိုင်းလက်လီအရောင်း ကုမ္ပဏီအကြီးအကဲက  နိုဝင်ဘာ ၁၈ ရက်မှာ ပြောဆိုပါတယ်။  ပြင်သစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒုတိယလော့ဒေါင်းကို  အောက်တိုဘာ ၃၀ ရက်မှာ စတင်ပြီး လာမယ့်ဒီဇင်ဘာလဆန်းအထိ ကြာမြင့်မှာပါ။  လော့ဒေါင်းစည်းမျဉ်းတွေမှာ  အရေးကြီး ကုန်စည်မဟုတ်တဲ့ဆိုင်တွေ၊ စားသောက်ဆိုင်တွေ နဲ့ ဘားတွေကို ပိတ်ရပါတယ်။ အမေဇုန်ပြင်သစ်အကြီးအကဲ ဖက်ဒယ်လစ်ဂျူဗဲက လော့ဒေါင်းကာလမှာ အလုပ်အကိုင်တွေ တိုးတက်ခဲ့တယ်ဆိုပြီး  France Inter radio ကို ပြောဆိုခဲ့ပါတယ်။  ရောင်းအား ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကြား မြင့်တက်ခဲ့လို့လည်း ဂျူဗဲက ပြောဆို ပါတယ်။   နိုဝင်ဘာ ၁၇ ရက် နိုင်ငံအနောက်ပိုင်းမှာ  ဆန္ဒပြသူ ၃၀၀ လောက် စုဝေးပြီး အမေဇုန်က လုပ်ကိုင်နေတဲ့ ထောက်ပို့စင်တာ တည်ဆောက်ရေး အစီအစဉ်တွေကို ကန့်ကွက်ခဲ့ပါတယ်။  ဆန္ဒပြသူတွေက "အမေဇုန်နဲ့ သူ့ကမ္ဘာကို လက်မခံဘူး" ဆိုတဲ့ စာတန်းတွေကို ကိုင်ကာဆန္ဒပြနေပြီး ဂျူဗဲကတော့ အမေဇုန်ဟာ မကြာခဏ သရော်ခံရကာ အမေဇုန်က ဖန်တီးတဲ့ ရောင်းအားအများစုကို  တတိယအဖွဲ့အစည်းတွေက ရရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up