သီရိလင်္ကာထောက်လှမ်းရေးကွန်ရက် ပြန်ဖွဲ့စည်းပြီးဟု သမ္မတကြေညာ

သီရိလင်္ကာနိုင်ငံရဲ့ ထောက်လှမ်းရေးကွန်ရက်ကို ပြန်ဖွဲ့စည်းပြီးပြီလို့ သမ္မတ ဂိုတာဘယာ ရာဂျာပတ်စာက နိုဝင်ဘာ ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ကာကွယ်ရေးအကြီးအကဲဟောင်းတဦးဖြစ်တဲ့ ဂိုတာဘာယာက နိုင်ငံအတွင်း အစ္စလာမ္မစ် အစွန်းရောက်ဝါဒ ပျံ့နှံ့မှု အဆုံးသတ်စေရမယ်လို့ ကတိပြုခဲ့ပြီးနောက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက သီရိလင်္ကာမှာ  အသေခံဗုံးခွဲတာတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပြီးနောက် နိုင်ငံကို ရုပ်သံကနေ မိန့်ခွန်းပြောဆိုရာမှာ သမ္မတ ဂိုတာဘာယာက အတိတ်ကာလက ပြိုလဲခဲ့တဲ့ ထောက်လှမ်းရေးဌာနကို ပြန်ဖွဲ့စည်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ တဆင်းဟာလာ ဗုဒ္ဓဘာသာလူများစုကြားမှာ အလွန်ရေပန်းစားလှတဲ့ ဂိုတာဘာယာဟာ   ပြည်တွင်းစစ်ကာလက  စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။  ဂိုတာဘာယာလက်ထက်မှာ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ခေါင်းထောင်လာပြီး အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရမှာကို စိုးရိမ်မိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထား ပါတယ်။  ဒါပေမဲ့ သမ္မတ ဂိုတာဘာယာက သူ့အစိုးရအနေနဲ့  ဘာသာ၊ လူမျိုး မခွဲခြားဘဲ နိုင်ငံသား အားလုံးရဲ့  အခွင့်အရေးတွေကို စောင့်ရှောက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

//
More News
Up