မန္တလေး ဈေးချိုဆိုင်ခန်းများရှိ ပစ္စည်းများကို သယ်ယူခွင့်ပြု (ဓာတ်ပုံ)
DVB
·
November 19, 2020
ကိုဗစ်-၁၉ ဒုတိယလှိုင်းပြန်လည်စတင်စတဲ့ကာလ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က စတင်ကာ ယာယီပိတ်ခဲ့တဲ့ မန္တလေးမြို့ ဈေးချို ဆိုင်ခန်းတွေက ကုန်ပစ္စည်းတွေကို ပြန်ယူခွင့်ပြုခဲ့ပါတယ်။
ဈေးပိတ်ထားတာ ၂ လကျော်ပြီ ဖြစ်တာကြောင့် အဆိုပါ ဈေးအတွင်းရှိ ဆိုင်ခန်းပိုင်ရှင်တွေရဲ့ ကုန်ပစ္စည်းတွေကို နိုဝင်ဘာ ၁၉ ကနေ ၂၀ ရက်နေ့ (မနက် ၈ နာရီကနေ ၁၂) အထိ သယ်ယူခွင့်ပြုခဲ့တာလို့ သိရပါတယ်။
Photo - Kaung Zaw Hein / MPA