Home
မြန်မာသတင်း
တန်ဆောင်တိုင်ပွဲတော်ကာလတွင် BRAND’S အမှတ်တံဆိပ်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် မှာယူလက်ဆောင်ပေးနိုင်
DVB Digital
·
November 20, 2020
ယခုလိုပွဲတော်ကာလမျိုးတွင် ဂါရဝနှင့် မေတ္တာလက်ဆောင်များကို အပြန်အလှန်ပေးပို့ကြသည့် မြန်မာတို့၏ဓလေ့မှာလည်း ရှေးယခင်ကပင် တည်ရှိခဲ့သည့် အစဉ်အလာ တစ်ခုဖြစ်သည်။ ထိုချစ်စရာကောင်းသော အလေ့အထလေးသည် ယနေ့တိုးတက်လာသည့် ဆိုရှယ်မီဒီယာခေတ်အထိ အဆင့်ဆင့်လက်ဆင့် ကမ်းလာလျှက်ရှိပါသည်။ ထိုသို့လက်ဆင့်ကမ်းလာရာတွင် ပုံမှန်အတိုင်း ဂါရဝလက်ဆောင်ပေးပို့မှုများအပြင် ဆန်းသစ်သည့် နည်းလမ်းများဖြင့် စိတ်ဝင်စားဖွယ်ရာ ကန်တော့လက်ဆောင်ပေးပို့ပုံများကိုပါ တွေ့မြင်ရပါသည်။ ယခုအချိန်သည် ကျန်းမာရေးကို အထူးဂရုပြုရသည့်အချိန်ဖြစ်သည့်အ‌လျောက် ကိုယ်ခံအားကို မြှင့်တင်ပေးသည့် BRAND'S ကုန်ပစ္စည်းများကို တစ်ယောက်နှင့်တစ်ယောက်ပေးပို့ကာ မြန်မာ့ဓလေ့ကို လက်ဆင့်ကမ်းဖော်ကျူးသည့် "ပြန်ဆုံကြစို့" (Come Home Chain) ဟူသည့် အွန်လိုင်းအစီအစဉ်လေးကို ဆိုရှယ်မီဒီယာတွင် စိတ်ဝင်စားဖွယ် တွေ့မြင်ရသည်။ ထိုအစီအစဉ်လေးရဲ့ ရည်ရွယ်ချက်မှာ ချစ်ခင်ရသည့် လူကြီးသူမ၊ မိတ်သင်္ဂဟများဆီသို့ ကျန်းမာခြင်းလက်ဆောင်မွန်ဖြစ်သည့် BRAND’S ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ပေးပို့ကာ နောင်တစ်ချိန်တွင် အတူပြန်ဆုံကြမည်ဟု ဆန္ဒပြုကြသည့် အစီအစဉ်ဖြစ်သည်။ ယခုလို ရည်ရွယ်ချက်ကောင်းသည့် BRAND'S Myanmar Come Home Chain အစီအစဉ်တွင် လူမှုကွန်ယက် Influencers များနှင့် အခြားအနုပညာရှင်များဖြစ်သည့် Drummer ဘုံဘုံ၊ Presenter သဇင်နွယ်ဝင်း၊ ဆုမွန်၊ ပိုးကြာဖြူခင် စသည်ဖြင့် ပါဝင်နေကြသည်ကို ဝမ်းသာအား ရတွေ့မြင်ကြရမည် ဖြစ်ပါသည်။ BRAND’S အနေဖြင့် ၎င်း၏ထုတ်ကုန်များကို ယခုကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ရောင်းချရန် စီစဉ်ရာတွင် ဝယ်ယူသုံးစွဲသူများအနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာမှမဆို မိမိတို့ ဝယ်ယူလိုသည့် BRAND'S ကုန်ပစ္စည်းများကို အွန်လိုင်းမှ အလွယ်တကူ မှာယူနိုင်ရန်ဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ ပွဲတော်ကာလတွင်လည်း လူကြီးမိဘများ၊ ချစ်ခင်ရသူများထံသို့ ကျန်းမာခြင်းလက်ဆောင်မွန်များ ပေးပို့နိုင်ရန် ဖြစ်သည်။ မိဘပြည်သူများအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် တန်ဆောင်တိုင်နှင့် နှစ်သစ်ကူးပွဲတော်ကာလအတွင်း မိဘဆွေမျိုး မိတ်သင်္ဂဟများ၏ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်စေရန်အတွက် မရှိမဖြစ်အဖော်မွန်များဖြစ်သော BRAND’S အမှတ်တံဆိပ်ကြက်ပေါင်းရည်နှင့်ငှက်သိုက်ရည်များကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာမှာလိုပါက www.shop.com.mm နှင့် “Shop” မိုဘိုင်းလ်အက်ပလီကေးရှင်း (Android/iOS) မှ BRAND’S MYANMAR Official Store မှ တစ်ဆင့်လည်းကောင်း၊ BRAND’S MYANMAR Facebook Messenger မှလည်းကောင်း၊ www.rgo47.com နှင့် "rgo47” မိုဘိုင်းလ်အက်ပလီကေးရှင်း (Android/iOS) တို့မှလည်းကောင်း၊ www.citymall.com.mm မှလည်းကောင်း လွယ်ကူရိုးရှင်းသော အဆင့်များဖြင့် ဝယ်ယူနိုင်သည်။ ငွေပေးချေရာတွင် Credit/Debit ကတ်များဖြင့် ပေးချေနိုင်သလို အိမ်ရောက်ငွေချေစနစ် (Cash on Delivery) စနစ်ဖြင့်လည်း ဆောင်ရွက်နိုင်သည်။ မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးနိုင်ပြီး မှာယူသည့် အချိန်မှ စ၍ လက်ဝယ်ရောက်ရှိသည်အထိ ကြာချိန်မှာ (နေရာအနီးအဝေးနှင့်မှာယူသည့် ဝက်ဘ်ဆိုက်/အက်ပလီကေးရှင်း) ပေါ်မူတည်၍ ၃ရက်မှ ၁၄ရက်ခန့်ဖြစ်သည်။ ယခုကဲ့သို့ အွန်လိုင်းမှဝယ်ယူရာတွင် ကုန်ပစ္စည်း၏အရည်အသွေးနှင့်လတ်ဆတ်မှုကို ပြင်ပမှဝယ်ယူခြင်းနှင့် ခြားနားမှုမရှိစေရန် အထူးဂရုပြုစီမံထားရှိသည်။ BRAND’S အမှတ်တံဆိပ်ပါ ကြက်ပေါင်းရည်နှင့် ငှက်သိုက်ရည်များသည် သုံးစွဲသူ၏ကိုယ်ခံစွမ်းအားကိုအထူးမြှင့်တင်ပေးနိုင်သဖြင့် ယခုလိုကပ်ရောဂါကာလအတွင်း တစ်ဦးနှင့်တစ်ဦး မေတ္တာလက်ဆောင်ပေးရန်အတွက် အကောင်းမွန် အသင့်တော်ဆုံးပစ္စည်းများဖြစ်ကြောင်းသိရှိရသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024