Home
မြန်မာသတင်း
အန်အယ်လ်ဒီက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ငွေကျပ် သိန်း ၃,၀၀၀ လှူဒါန်း 
DVB
·
November 19, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို  ငွေကျပ် သိန်း ၃,၀၀၀ နိုဝင်ဘာ ၁၈ ရက်က   လှူဒါန်းလိုက်ပါတယ်။ လှူဒါန်းငွေတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့က ပေးအပ်ခဲ့ရာမှာ   ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  လက်ခံရယူခဲ့တယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အလှူငွေ‌တွေ ပေးအပ်လှူဒါန်းတာဖြစ်ကြောင်းနဲ့ အခုလို မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်လှူဒါန်းရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အခုလိုလှူဒါန်းမှုတွေဟာ ကိုဗစ်-၁၉  ကာလ ဆေးရုံတွေရှိ အထူးကြပ်မတ်ကုသဆောင်တွေ အဆင့်မြှင့်တင်တာ၊ ဆေးရုံတွေမှာ အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်တာ စတာတွေမှာ  အသုံးပြု‌မှာဖြစ်ပြီး  အခု ကိုဗစ် ဖြစ်စဉ်အတွင်းမှာသာမက ရေရှည်တွင်ပါ လူနာတွေရဲ့ အသက်ကိုကယ်တင်ကုသနိုင်မှာဖြစ်လို့ ပြည်သူတွေအတွက် များစွာ အကျိုးရှိတယ်လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန် မှုနဲ့ ဆောင်ရွက်နေကြောင်း၊ ပြည်သူတွေအနေနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း(Mask) မဖြစ်မ နေ စနစ်တကျတပ်ဆင်ကြရေး လူထုကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုစီမံချက်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေကြောင်းနဲ့ အဲဒီစီမံချက်လုပ်ငန်းတွေမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း တတ်နိုင်သမျှပါဝင်ကူညီကြပါရန် သဘာပတိကြီးမှ မေတ္တာရပ်ခံပေးစေလိုကြောင်းလည်း ဝန်ကြီးကပြော ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ပွားစဉ်ကာလ ပြီးခဲ့တဲ့ မတ်လကလည်း  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ပါတယ်။ အန်အယ်လ်ဒီ ပါတီဝင်ထည့်ဝင်ထားတဲ့ ပါတီရန်ပုံငွေကနေ  လှူဒါန်းတာဖြစ်တယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက မီဒီယာတွေကို အရင်က ပြောထားဖူးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၈ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တ နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၇၃,၃၂၂ ယောက်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁,၆၅၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၄,၇၆၄ ယောက် ရှိနေ ပါတယ်။ ဓာတ်ပုံ-MOHS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024