A d v e r t i s e m e n t With Us

မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်းအပေါ် စွဲချက် အမေရိကန်ရုပ်သိမ်း၊ မက္ကဆီကိုထံလွှဲမည်

မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဗာဒိုစန်ဖူဂို့စ်အပေါ် စွဲဆိုထားတဲ့ မူးယစ်ဆေး ဆိုင်ရာစွဲချက်တွေကို ရုပ်သိမ်းပြီး မက္ကဆီကိုဘက် လွှဲပြောင်းသွားမယ်လို့ အမေရိကန် တရားရေးဌာန (DOJ) နဲ့ မက္ကဆီကိုရှေ့နေချုပ်ရုံးတို့က နိုဝင်ဘာ ၁၇ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့ ပါတယ်။  သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းပေးရင် ဆန္ဒအလျောက် မက္ကဆီကိုပြန်ဖို့  ကာကွယ်ရေးဝန်ကြီးဟောင်း စန်ဖူဂို့စ်က သဘောတူခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေ ဆိုပါတယ်။  ကာကွယ်ရေးဝန်ကြီးဟောင်း စန်ဖူဂို့စ်က သူ့အပေါ်စွဲဆိုထားတဲ့ မူးယစ်မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေအတွက် အပြစ်မရှိဘူးလို့ ဒီလအစောပိုင်းမှာ ထွက်ဆိုခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လက လော့စ်အိန်ဂျလိစ်လေဆိပ်မှာ အမေရိကန်အာဏာပိုင်တွေက စန်ဖူဂို့စ်ကို ဖမ်းဆီးခဲ့တာပါ။  မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်းအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်း လိုက်တာဟာ ထူးခြားပြီး မက္ကဆီကို အချုပ်အခြာနဲ့ မက္ကဆီကို စစ်တပ်နှစ်ခုစလုံးအပါ် လေးစားတဲ့ အမှတ်လက္ခဏာဖြစ်တယ်လို့လည်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up