Homeမြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၅၆၉ ဦးတွင် ရန်ကုန်က ၁,၀၄၂ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၁၉၅ ဦးပါဝင်
ကိုဗစ်လူနာသစ် ၁,၅၆၉ ဦးတွင် ရန်ကုန်က ၁,၀၄၂ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၁၉၅ ဦးပါဝင်
DVB
·
November 18, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၅၆၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁,၀၄၂ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံ ၇၅ ယောက်၊ မြောက်ဉက္ကလာပနဲ့ ဒဂုံ မြို့သစ်(တောင်ပိုင်း)က ၆၃ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၂ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၆ ခုမှာ ၂၂၃ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၂ ခုမှာ ၈၉ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၆ ခုမှာ ၈၀ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၅ ခုမှာ ၄၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၂၁ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၇ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၇ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ ၁၁ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၃ ခုမှာ ၉ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၃ ခုမှာ ၅ ယောက်၊ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ၂ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၂ ယောက်၊ နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ၁ ယောက်၊ ကချင်ပြည်နမယ်၊ မြစ်ကြီးနားမြို့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၉၅ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၇၁,၇၃၀ ယောက်၊ သေဆုံးသူ ၁,၆၂၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၄,၂၇၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၄ နာရီခွဲအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၉ သန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။