ကာတာ ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲ ဖေဖော်ဝါရီ ၁ ရက်နေ့ စမည်

ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၇ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။  အခုနှစ် ဒီဇင်ဘာလမှာစတင်ဖို့ လျာထားခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖို့ ဖီဖာက ဆုံးဖြတ်ခဲ့တာပါ။  ပြိုင်ပွဲမှာ တိုက်ကြီး ၆ တိုက်က လိဂ်ချန်ပီယံအသင်း ၆ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဥရောပက နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ လိုင်ယွန် အစရှိတဲ့ အသင်းတွေလည်း ပါဝင်ဆင်နွှဲနေကြတာပါ။  ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ လီဗာပူးအသင်းက ဗိုလ်စွဲထားပါတယ်။  ပြိုင်ပွဲ ကျင်းပလာတာ နှစ်ပေါင်း ၂၀ ရှိပြီး ဖြစ်ပြီး အများဆုံးဗိုလ်စွဲထားတာကတော့ ရီးရဲမက်ဒရစ်အသင်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up