Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၁၆၇ ဦးတွင် ရန်ကုန်က ၈၃၉ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၃၀၈ ဦးပါဝင်
DVB
·
November 17, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၆၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က  ၈၃၉ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ တာမွေ ၇၅ ယောက်၊ မြောက်ဉက္ကလာပ  အယောက် ၇၀၊ စမ်းချောင်း ၅၄ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၂ ခု ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်  ၁၂ ခုမှာ ၉၆ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၃ ခုမှာ ၆၂ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၄၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၉ ခုမှာ  ၃၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၂၅ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၂၀ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၁၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၁၂ ယောက်၊  တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ  ၄ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ  ၄ ယောက်၊ နေပြည်တော်မြို့နယ်  ၃ ခုမှာ  ၃ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ  ၃၀၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၆ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၇၀,၁၆၁ ယောက်၊ သေဆုံးသူ ၁,၅၉၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၃,၂၂၉  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၈ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024