Home
မြန်မာသတင်း
မြန်မာ့ထောပတ်သီး ၃ မျိုး ဗြိတိန်ဈေးကွက်သို့ စမ်းသပ်တင်ပို့
DVB
·
November 17, 2020
မြန်မာနိုင်ငံက ထောပတ်သီးအမျိုးအစား ၃ မျိုးကို ခုသီတင်းပတ်အတွင်း ဗြိတိန် ဈေးကွက်ကို စမ်းသပ်တင်ပို့နိုင်ခဲ့တယ်လို့ လန်ဒန်အခြေစိုက် မြန်မာသံရုံးက နိုဝင်ဘာ ၁၄ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒီတင်ပို့မှုကတော့ မြန်မာနိုင်ငံသစ်သီးဝလံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း(MFVP)ရဲ့ အစီအစဉ်နဲ့ တင်ပို့နိုင်ခဲ့တာပါ။ Amara Variety(Local Variety) ၊ Hass နဲ့ Buccaneer အမျိုးအစား မြန်မာ့ထောပတ်သီးတွေကိုတော့ ဗြိတိန်နိုင်ငံ၊ Freshpro Import Limited က တာဝန်ယူဖြန့်ချိပေး တာဖြစ်ပြီး လန်ဒန်နဲ့ ရှပ်ဖီးလ်မြို့ သစ်သီးဝလံဒိုင်တွေ လက်လီလက်ကားဈေးကွက်တွေဆီ ပေးပို့ထားတာဖြစ်ကာ အရသာကောင်းမွန်ကြောင်းနဲ့ နှစ်ခြိုက်ကြကြောင်း စားသုံးသူ တွေဆီက သဘောထားမှတ်ချက်တွေ ရရှိထားတယ်လို့ ဆိုပါတယ်။ လန်ဒန်မြို့၊ မြန်မာသံရုံးအနေနဲ့ အစိုးရရဲ့ မူဝါဒနဲ့အညီ မြန်မာ့ပို့ကုန်တွေ၊ အထူး သဖြင့် စိုက်ပျိုးရေးဦးစားပေးထုတ်ကုန်တွေနဲ့ ထုတ်ကုန်အမယ်သစ်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ ဈေးကွက်ရှာဖွေဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးနေကြောင်းလည်း ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြပါတယ်။ လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ မြန်မာသံရုံးနဲ့     ဗြိတိန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းပြီး မြန်မာပို့ကုန်လုပ်ငန်းရှင်တွေအတွက် ဗြိတိန်နိုင်ငံကို စိုက်ပျိုးရေးပို့ကုန်တွေ တင်ပို့မှုဆိုင်ရာ Webinar (အွန်လိုင်းဆွေးနွေးပွဲ)  တခုကိုလည်း ပြုလုပ်သွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024