Live
Home
မြန်မာသတင်း
ပြည်သူလူထုအတွက် တာဝန်ကျေရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတိပြုကြေညာ
DVB
·
November 17, 2020
ရွေးကောက်ပွဲမှာ ပြည်သူလူထုက အဖွဲ့ချုပ်အပေါ် ပြတ်ပြတ်သားသားထောက်ခံတာကြောင့် မိမိတို့ဘက်ကလည်း ပြည်သူလူထုရဲ့ ကျေးဇူးနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုတို့ကို ကိုက်ညီစေဖို့ တာဝန်ကျေရမယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ အဖွဲ့ချုပ်ကို ထောက်ခံသူတွေသာမက မထောက်ခံသူတွေရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်စောင့်ရှောက်ရမယ်လို့ ခံယူတယ်လို့လည်း နိုဝင်ဘာ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အန်အယ်လ်ဒီရဲ့ ပြည်သူသို့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူလူထုရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေကို ကြိုးစားဖြည့်ဆည်းသွားမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ စာတမ်းပါ ဦးတည်ချက် ၃ ရပ်နဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အန်အယ်လ်ဒီက ကတိပြုလိုက်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကနေ ၂၀၂၀ ရွေးကောက်ပွဲအထိ နှစ်ပေါင်း ၃၀ ကျော် ပြည်သူလူထုရဲ့ ထောက်ခံမှုကို တခဲနက် ဆက်တိုက်ရရှိခဲ့တာဟာ လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အံ့မခန်း စည်းရုံးရေးစွမ်းအားကြောင့်ဖြစ်တည်လို့လည်း အဖွဲ့ချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၁၁၇ ဦး ရွေးကောက်တင်မြှောက်ခံရတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024