A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကူးစက်ခံရသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် ဘရာဇီးနှင့်ပွဲ လွဲချော်မည်

ဥရုဂွေး  တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ ဘရာဇီးနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။  ဘရာဇီးအသင်းနဲ့ ပွဲမတိုင်ခင် ပိုးရှိ၊ မရှိ တသင်းလုံး စစ်ဆေးခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်ဇ်နဲ့အတူ ဂိုးသမား မူနော့ဇ်နဲ့ အသင်းဝန်ထမ်းတစ်ဦးမှာလည်း ပိုးတွေ့ရှိခဲ့တယ်လို့ ဥရုဂွေးအသင်းက နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။  သောကြာနေ့မှာ ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ ပွဲမှာ ပင်နယ်တီကနေ အနိုင်ဂိုး ၁ ဂိုး သွင်းခဲ့တဲ့ ဆွာရက်ဇ်ဟာ ဘရာဇီးနဲ့ပွဲကို လွဲချော်မှာဖြစ်လို့ ဥရုဂွေးအသင်းအတွက် အားနည်းချက် ဖြစ်စေခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အခုနှစ် အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ၅ ဂိုး သွင်းယူထားပါတယ်။  ထိပ်တန်းဘောလုံးသမားတွေထဲမှာ အီဂျစ်နဲ့ လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာလည်း ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရပြီး အရင်လပိုင်းကလည်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို၊ အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ်တို့ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up