ကစားသမားဘဝ အခက်ခဲဆုံး ဘောလုံးရာသီနှင့် ရင်ဆိုင်နေရဟု ပေါ့ဘာပြော

အခုနှစ် ဘောလုံးရာသီဟာ ကစားသမားသက်တမ်းတလျှောက် အခက်ခဲဆုံးအချိန် ဖြစ်တယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး နောက်ပိုင်းပွဲစဉ်တွေမှာ အရန်ခုံမှာပဲ ထိုင်နေရပြီး လူစားဝင်ကစားခွင့်ပဲ ရရှိခဲ့တာပါ။  ကလပ်အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ပြင်သစ်အသင်းက ဆက်လက်ရွေးချယ်ပြီး ကစားခွင့်ပေးခဲ့တဲ့အပေါ်မှာ ကျေနပ်ပျော်ရွှင်မိကြောင်း ပြောပါတယ်။  ပြင်သစ်မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပေါ့ဘာက ပြောကြားရာမှာတော့ အခုနှစ်ရာသီလို ခက်ခဲတဲ့ အချိန်ကာလတစ်ခု ကစားသမားဘဝမှာ မရှိခဲ့ကြောင်း၊ ပြင်သစ်အသင်းက ပြန်လည် ရွေးချယ်ခဲ့တဲ့အပေါ်မှာတော့ စိတ်သက်သာရာရခဲ့ပြီး ပြင်သစ်အသင်းက အလွန်ထူးခြားပြီး မျက်လှည့်တစ်ခုလို ဖြစ်တယ်လို့ ပေါ့ဘာက ပြောပါတယ်။  ပေါ့ဘာဟာ ပေါ်တူဂီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ကန်တေနဲ့အတူ ပြင်သစ် ကွင်းလယ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up