A d v e r t i s e m e n t With Us

ATP အဖွင့်ပွဲစဉ်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ် နိုင်ပွဲရ

FILE PHOTO: Tennis - ATP Finals - The O2, London, Britain - November 15, 2020 Serbia's Novak Djokovic poses with the ATP Tour Number 1 trophy Action Images via Reuters/Paul Childs
ATP တင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲမှာ ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ်က အာဂျင်တီးနားက ရှဝက်ဇ်မန်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ မနေ့က လန်ဒန်မြို့က အိုတူးအရီနာမှာ ကစားခဲ့တဲ့ ဒီပွဲဟာ ကမ္ဘာ့အဆင့် ၉ ရှဝက်ဖ်မန်းရဲ့ ATP ပထမဆုံးပွဲစဉ်ဖြစ်ပြီး နာမည်ကြီး ဂျိုကိုဗစ်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဂျိုကိုဗစ်နဲ့ ၆ ကြိမ်တွေ့ဆုံမှုမှာ ပွဲတိုင်း ရှုံးနိမ့်ခဲ့ရတဲ့ ရှက်ဝက်ဇ်မန်းဟာ ဒီပွဲမှာလည်း ၃-၆ ၂-၆ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပရိသတ် ၁၈,၀၀၀ ဆံ့ အိုတူးအရီနာကွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လော့ဒေါင်းချထားလို့ ပရိသတ်မပါဘဲ ကစားခဲ့ရတာပါ။  အခြားပွဲစဉ်မှာတော့ ၂၀၁၈ ခုနှစ် ချန်ပီယံ ဇီဗာရက်ဗ်က ရုရှားက မက်ဒ်ဗီဒက်ဗ်ကို အနိုင်ရခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up