အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ရှ်ဟာ ဟာဇက်လို ခြေစွမ်းရှိတဲ့ ကစားသမားဖြစ်တယ်လို့ အက်ရှ်လေကိုးလ်က ချီးကျူးပါတယ်။
ဂရီးလစ်ချ်ဟာ ဘယ်လ်ဂျီယံကို ၂ ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့တဲ့ပွဲမှာ ပွဲထွက် ကစားခဲ့ပြီး အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့ပေမယ့်လည်း ခြေစွမ်းပြသနိုင်ခဲ့တာပါ။
အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ အင်္ဂလန်ကစားသမားဟောင်း အက်ရှ်လေကိုးလ်နဲ့ ဂျေမီရက်ဒ်နက်တို့ကတော့ ဂရီးလစ်ချ်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့တာပါ။
အာဆင်နယ်နဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ကတော့ လက်ရှိခြေစွမ်းအတိုင်းသာဆိုရင် ဂရီးလစ်ချ်ဟာ ယူရိုပြိုင်ပွဲကစားမယ့်အသင်းမှာ ပါဝင်သင့်ပြီး ရီးရဲလ်မက်ဒရစ်က ဟာဇက်လို ခြေစွမ်းရှိသူလို့ ချီးကျူးပါတယ်။
ပြိုင်ဘက် ကစားသမားတွေကို နေရာစုံကနေ လှည့်စားနိုင်ပြီး ဟာရီကိန်းနဲ့ မေဆန်မောင့်တို့အတွက် ဖရီးကစ်ကန်သွင်းခွင့်တွေ ရရှိအောင် လုပ်ဆောင်ပေးလိမ့်မယ်လို့ အက်ရှ်လေကိုးလ်က ချီးကျူးခဲ့ပါတယ်။