A d v e r t i s e m e n t With Us

ငှက်ဖျားရောဂါ ကာကွယ်ဆေး စမ်းသပ်မှု အောင်မြင်

ကမ္ဘာတ၀န်းမှာ အသေအပျောက်များနေတဲ့ ငှက်ဖျားရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် ကာကွယ်ဆေးသစ်တမျိုးကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေရာမှာ အောင်မြင်မှုရှိတယ်လို့ အမေရိကန် သုတေသီတွေကို ကိုးကားပြီး ဩဂုတ် ၈ ရက်နေ့ထုတ် သိပံ္ပဂျာနယ်မှာ ဖော်ပြပါတယ်။ အခုလို အောင်မြင်လိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားကြဘူးလို့ ၀ဲလ်တာ ရိဒ် အာမီ အင်စတီကျူ ရဲ့ သုတေသနဌာနက သုတေသီ ဂျူဒစ်အပ်စတိန်းက ဆိုပါတယ်။ ဆေးအာနိသင်ကို စမ်းသပ်မှုမှာ  လူ ၅၇ ယောက်ကို အုပ်စု သုံးစုခွဲပြီး ငှက်ဖျားရောဂါ ဖြစ်စေတဲ့ ခြင်အကိုက်ခံပြီး စမ်းသပ်ရာမှာ ကာကွယ်ရေး ထိုးထားတဲ့ လူ ၁၅ ဦးထဲက ၃ ဦးသာ ငှက်ဖျားရောဂါဖြစ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ ကနဦးအဆင့် စမ်းသပ်မှု အဆင့်ဖြစ်ပြီး ဆေးရဲ့ အာနိသင်က အပြည့်အ၀ ထိရောက်မှု ရှိတယ်လို့လည်း ဆိုပါတယ်။ ဆေးကို လက်တွေ့ ထုတ်လုပ်နိုင်ဖို့ကတော့ နောက်ထပ် ၃ နှစ်ကနေ ၅ နှစ်အတွင်း ကြာနိုင်သေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ခြင်ကိုက်ရာကနေ ဖြစ်တတ်တဲ့ ငှက်ဖျားရောဂါကြောင့် ၂၀၁၀ အတွင်း ကမ္ဘာတ၀န်း လူ ၂၁၉ သန်း ကူးစက်ခဲ့ပြီး ၆ သိန်း ၆ သောင်းလောက် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အစီရင်ခံစာက ဆိုပါတယ်။ အာဖရိကတိုက်မှာ ငှက်ဖျားကြောင့် မိနစ်တိုင်းမှာ ကလေး ၁ ဦး သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up