ဟောင်ကောင်တွင် တိုက်ခန်းတွဲ မီးလောင်ပြီး လူ ၇ ဦးထက်မနည်း သေဆုံး

ဟောင်ကောင်မှာ အခန်းလေးတွေအများကြီး ကန့်ထားတဲ့ အဆောက်အအုံတစ်ခု နိုဝင်ဘာ ၁၅ ရက်က မီးလောင်လို့ လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး လူအတော်များများ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။  မီးသတ်သမားတွေနဲ့ ရှေးဦးသူနာပြုတွေ အခင်းဖြစ်ရာကို ရောက်လာပြီး လူနာတချို့ကို အသက်ရှူအားကူနည်းနဲ့ ပြုစုပေးခဲ့ရသလို တချို့ကိုတော့ ဆေးရုံတင်ပို့ပေးခဲ့ရပါတယ်။ ကနဦး စုံစမ်းစစ်ဆေးချက်အရ အဆောက်အအုံမှာ ခွင့်ပြုချက်မရှိဘဲ စားသောက်ဆိုင် ဖွင့်ထားခဲ့ပြီး အခမ်းအနားတခု လုပ်နေတုန်း မီးထလောင်ခဲ့တာလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ သေဆုံးဒဏ်ရာရသူ အများစုက နီပေါနိုင်ငံသားတွေလို့ South China Morning Post သတင်းစာက ရေးပါတယ်။ အုပ်စုထဲမှာ ကလေးတွေလည်းပါပြီး မွေးနေ့ပွဲလုပ်နေချိန် မီးလောင်ခဲ့တာလို့ နာမည်မဖော်တဲ့ မျက်မြင်သက်သေတယောက်က မီဒီယာကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up