A d v e r t i s e m e n t With Us

နယူးဒေလီတွင် လေထုညစ်ညမ်းမှုအဆင့် သိသိသာသာဆိုးရွားလာ

အိန္ဒိယနိုင်ငံမှာ ဒီပါဝလီမီးထွန်းပွဲတော်ကာလအတွင်း မြို့တော်နယူးဒေလီမှာ မီးပန်းဖောက်တာကို တားမြစ်ပိတ်ပင်ထားပေမယ့် မီးပန်းတွေ ဗြောက်အိုးတွေ ပစ်လွှတ်ခဲ့ကြလို့ နိုဝင်ဘာ ၁၅ ရက်မှာ လေထုညစ်ညမ်းမှုအခြေအနေဟာ ညတွင်းချင်း သိသိသာသာ ယိုယွင်းခဲ့ပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ လေထုညစ်ညမ်းမှုအဆင့်ကို ဒေသခံတွေ ရင်ဆိုင်နေကြရပါတယ်။ လေထုညစ်ညမ်းမှု ညွှန်းကိန်းအဆင့် ၅၀၀ မှာ နယူးဒေလီမြို့ရဲ့ ညွှန်းကိန်းက ၄၇၃ ထိ ရောက်ခဲ့ပြီး ဒါဟာ ဘေးသင့်စေလောက်အောင် ဆိုးရွားပြင်းထန်တဲ့ အဆင့်လည်း ဖြစ်တယ်လို့ ပြည်ထောင်စုညစ်ညမ်းမှု ထိန်းချုပ်ရေးဘုတ်အဖွဲ့ရဲ့ လမ်းညွှန်လက်စွဲက ပြောပါတယ်။ လူဦးရေ သန်း ၂၀ ကျော်ရှိတဲ့ နယူးဒေလီမြို့ဟာ ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တွေထဲက တမြို့ပါ။ ခုလိုအချိန်ဟာ အနားက ပြည်နယ်တွေမှာ ရိုးပြတ်တွေ မီးရှို့ချိန်ဖြစ်သလို ဟိန္ဒူ မီးထွန်းပွဲတော်အတွင်း ဗြောက်အိုးတွေ မီးပန်းတွေ ပစ်လွှတ်ကြတဲ့ ရာသီချိန်ဖြစ်လို့ လေထု အရည်အသွေးဟာ များသောအားဖြင့် တခြားအချိန်တွေထက် ပိုဆိုးလာလေ့ရှိတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up