Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁၂၇၇ ဦးတွင် အနံ့မရသူ ၂၇၃ ဦးပါဝင်၊ ရန်ကုန်က ၈၇၂ ဦးဖြင့် အများဆုံးတွေ့
DVB
·
November 15, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်  ၁၂၇၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၈၇၂ ယောက်နဲ့ အများဆုံးပါဝင်နေပြီး တောင်ဥက္ကလာပမြို့နယ်က ၉၃ ယောက်နဲ့ အများဆုံး ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ညနေ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ တောင်ဥက္ကလာပမြို့နယ်က ၉၃ ယောက်၊ လှိုင်သာယာက ၈၃ ယောက်၊ ရွှေပြည်သာက ၆၆ ယောက်၊ အင်းစိန်က ၅၄ ယောက်၊ လှိုင်က ၅၃ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၀ ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်   ၁၆ ခုမှာ အယောက် ၁၂၀၊ ပဲခူးတိုင်းမြို့နယ် ၁၂ ခုမှာ ၈၅ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၂ ခုမှာ ၁၀ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၅၈ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၇ ခုမှာ ၂၉ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၈ ခုမှာ ၇၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ကော့ကရိတ်မြို့နယ်မှာ ၁ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုမှာ ၆ ယောက်၊  နေပြည်တော်မြို့နယ် ၄ ခုမှာ ၅ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ ၉ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့မှာ ၄ ယောက်၊ ချင်းပြည်နယ် မင်းတပ် မြို့နယ်မှာ ၃ ယောက် အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၇၃ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၈,၀၁၁ ယောက်၊ သေဆုံးသူ ၁၅၅၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၁,၃၆၂   ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၇ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024