အစိုးရအဖွဲ့၏ အဓိကနေရာရွေးချယ်မှု ကြေညာခါနီးပြီဟု ဂျိုးဘိုင်ဒင်ပြော

416
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က အစိုးရအဖွဲ့ရဲ့ အဓိကနေရာတွေအတွက် သူ့ရွေးချယ်မှုတွေကို ကြေညာဖို့ နီးလာပြီလို့ နိုဝင်ဘာ ၁၄ ရက်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ဘိုင်ဒင်နဲ့ ဇနီးတို့ဟာ ဒယ်လာဝဲလ်ပြည်နယ် လေဝက်စ်မြို့က ကိပ်ဟန်လိုပန်ပြည်နယ် ပန်းခြံထဲမှာ စက်ဘီးစီးရင်း “အစိုးရ အဖွဲ့ဝင် အရာရှိတွေအတွက် သူ့ ရွေးချယ်မှုကို ထုတ်ပြောဖို့ နီးလာပြီ” လို့ ဘိုင်ဒင်က သတင်းထောက်တွေကို အခုလို ပြောပါတယ်။
ဒီသီတင်းပတ်အစောပိုင်းကလည်း ဘိုင်ဒင်ဟာ သူ့ရဲ့ ကာလကြာရှည် လက်ထောက် ရွန်ကလိန်းကို သူ့ရဲ့ အိမ်ဖြူတော် ဝန်ထမ်းများအကြီးအကဲအဖြစ် သတင်းထောက်တွေကို ထုတ်ပြောလိုက်ပါတယ်။
ဘိုင်ဒင်ဟာ နိုင်ငံတွင်း လူမျိုးစုတွေ ကွဲပြားခြားနားမှုကို ထင်ဟပ်စေဖို့ အစိုးရအဖွဲ့ကို တည်ဆောက်မယ်လို့ ကတိပြုထားပါတယ်။
သူဟာ အိမ်ဖြူတော်နဲ့ အစိုးရအဖွဲ့ရဲ့ အဓိကရာထူးနေရာတွေအတွက် ဘယ်သူ့ကို ရွေးထားတယ်ဆိုတာကို လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ကြေညာမယ်လို့ မျှော်လင့်ထားပါတယ်။