A d v e r t i s e m e n t With Us

လန်ဒန် ATP ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ဂျိုကိုဗစ်နှင့် နဒါးလ်တို့ မျှော်မှန်း

ATP ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကြိုးပမ်းပြီး ၂၀၂၀ ကို နှုတ်ဆက်ဖို့ ဂျိုကိုဗစ်နဲ့ ရာဖေးလ်နဒါးလ်တို့က မျှော်မှန်းထားပါတယ်။ ATP တင်းနစ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက်ကနေ ၂၂ ရက်အထိ လန်ဒန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။  အုပ်စု ၂ ခု ခွဲခြားထားပြီး ဂျိုကိုဗစ်နဲ့ နဒါးလ်တို့က အုပ်စုတစ်ခုချင်းစီမှာ ပါဝင်တာပါ။  ဂျိူကိုဗစ်က ရုရှားက မက်ဒ်ဗီဒက်၊ ဂျာမနီက ဇီဗာရက်ဗ်၊ အာဂျင်တီးနားက ရှဝက်ဖ်မန်းတို့နဲ့ တအုပ်စုတည်း တွေ့ဆုံပါတယ်။ နဒါးလ်က သြစတြီးယားက ဒိုမင်နစ်သိမ်၊ ဂရိက စတီဖန်နော့စ်၊ ရုရှားက အန်ဒရေရက်လက်ဗ် တို့နဲ့ တွေ့ဆုံနေပါတယ်။  အခုနှစ်က တခြားနှစ်တွေနဲ့မတူညီဘဲ ပွဲမကစားခဲ့ရတဲ့အချိန် ၅ လ ၆ လခန့်ရှိခဲ့ပေမယ့် နှစ်စပိုင်းနဲ့ ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ပွဲအနည်းငယ်ရှိခဲ့တယ်လို့ ဂျိုကိုဗစ်က ပြောပါတယ်။  နဒါးလ်ကတော့ ပဲရစ်မှာ အကောင်းဆုံးလေ့ကျင့်နိုင်ခဲ့တာကြောင့် ATP နောက်ဆုံးအဆင့် ပွဲတွေအတွက် စိတ်လှုပ်ရှားမိပြီး ချန်ပီယံဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။  အခုနှစ် ATP ပြိုင်ပွဲ ကျင်းပမယ့် လန်ဒန်မှာ ယူကေအစိုးရက လော့ဒေါင်းကာလ သတ်မှတ်ထားလို့ ပရိသတ်တွေတော့ ဝင်ရောက်ကြည့်ရှုခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up