အာမေးနီးယားနိုင်ငံ မြို့တော် ယေရီဗန်တွင် လူထောင်ချီ စုဝေးဆန္ဒပြ
အဇာဘိုင်ဂျန်ကို နယ်မြေအသာစီးရစေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုဝင်ဘာ ၁၃ ရက်က အာမေးနီးယားနိုင်ငံ မြို့တော် ယေရီဗန်မှာ လူထောင်ချီ စုဝေးဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေက ဝန်ကြီးချုပ် နီကိုပတ်ရှီယန်နဲ့ My Step Alliance နိုင်ငံရေးအဖွဲ့ဝင်ပုံတွေကို ယူလာပြီး ဖျက်ဆီးကြပါတယ်။
နိုဝင်ဘာ ၁၀ ရက်က လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန်မှာတော့ အောင်ပွဲခံနေပါတယ်။
နာဂေါ်နို-ခါရာဘတ်ခ် ဒေသဟာ နိုင်ငံတကာအသိမှတ်ပြု အဇာဘိုင်ဂျန် နယ်မြေ တစိတ်တပိုင်းဖြစ်ပါတယ်။ အဲဒီဒေသဟာ လူဦးရေ ထူထပ်ပြီး မကြာသေးခင်အထိ အာမေးနိးယားမျိုးနွယ်စုတွေ အပြည့်အ၀ ထိန်းချုပ်ခဲ့ပါတယ်။
မကြာသေးခင် သီတင်းပတ်တွေမှာ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေက အာမေးနီးယားမျိုးနွယ်စုတွေကို မောင်းထုတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတာယ်။