မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆၃ ဦးတွေ့ရှိ
DVB
·
November 14, 2020
မကွေးတိုင်းမှာ အောင်လံမြို့က ၁၆ ယောက် အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၆၃ ယောက် ထပ်မံတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
တိုင်းအတွင်းမှာ အောင်လံမြို့က ၁၆ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး၊ မြို့သစ် ၁၁ ယောက်၊ နတ်မောက် ၇ ယောက်၊ ရေစကြို ၆ ယောက်၊ တောင်တွင်းကြီး ၄ ယောက်၊ မကွေး ၃ ယောက်၊ ပခုက္ကူ၊ မြိုင်၊ မင်းဘူး၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ ပေါက်မြို့နယ်တို့က ၂ ယောက်စီ၊ ကံမ၊ ချောက်၊ ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တို့က ၁ ယောက်စီ ဖြစ်တယ်လို့ ဆိုပါတယ်။
ပိုးတွေ့လူနာတွေအနက် အောင်လံက ၁၆ ယောက်နဲ့ တောင်တွင်းကြီး (RDT) ယောက် တို့မှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။
ရေစကြိုမှ ၁ ဦးကတော့ Covid-19 Antigen RDT နဲ့ စစ်ဆေးတွေ့ရှိတဲ့ အနံ့ပျောက်လက္ခဏာပြ စောင့်ကြည့်လူနာ ဖြစ်ပြီး ပေါက်မြို့က ၁ ဦးကတော့ Covid-19 Antigen RDT) နဲ့ စစ်ဆေးတွေ့ရှိတဲ့ ယာဉ်မောင်း ဖြစ်ပါတယ်။
ကျန်ပိုးတွေ့လူနာအားလုံးကတော့ ရန်ကုန်၊ ရခိုင်နဲ့ ထိုင်းက ပြန်လာပြီး Quarantine ထားရှိထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၃၇ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေကနေ ပိုးတွေ့လူနာ ထပ်တိုးတွေ့ရှိလာတာကြောင့် ပြည်သူများအနေနဲ့ အထူးဂရုပြု ဆင်ခြင်ကြဖို့၊ ကျန်းမာရေးဌာန ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။