မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆၃ ဦးတွေ့ရှိ

မကွေးတိုင်းမှာ အောင်လံမြို့က ၁၆ ယောက် အပါအဝင် ကိုဗစ်-၁၉ လူနာသစ်  ၆၃ ယောက် ထပ်မံတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ တိုင်းအတွင်းမှာ အောင်လံမြို့က ၁၆ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး၊ မြို့သစ် ၁၁ ယောက်၊ နတ်မောက် ၇ ယောက်၊ ရေစကြို ၆ ယောက်၊ တောင်တွင်းကြီး ၄ ယောက်၊ မကွေး ၃ ယောက်၊ ပခုက္ကူ၊  မြိုင်၊ မင်းဘူး၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ ပေါက်မြို့နယ်တို့က ၂ ယောက်စီ၊ ကံမ၊ ချောက်၊ ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တို့က ၁ ယောက်စီ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုးတွေ့လူနာတွေအနက် အောင်လံက ၁၆ ယောက်နဲ့ တောင်တွင်းကြီး (RDT) ယောက် တို့မှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။ ရေစကြိုမှ ၁ ဦးကတော့ Covid-19 Antigen RDT နဲ့ စစ်ဆေးတွေ့ရှိတဲ့ အနံ့ပျောက်လက္ခဏာပြ စောင့်ကြည့်လူနာ ဖြစ်ပြီး ပေါက်မြို့က ၁ ဦးကတော့ Covid-19 Antigen RDT) နဲ့ စစ်ဆေးတွေ့ရှိတဲ့ ယာဉ်မောင်း ဖြစ်ပါတယ်။ ကျန်ပိုးတွေ့လူနာအားလုံးကတော့ ရန်ကုန်၊ ရခိုင်နဲ့ ထိုင်းက ပြန်လာပြီး Quarantine ထားရှိထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၃၇ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေကနေ ပိုးတွေ့လူနာ ထပ်တိုးတွေ့ရှိလာတာကြောင့် ပြည်သူများအနေနဲ့ အထူးဂရုပြု ဆင်ခြင်ကြဖို့၊ ကျန်းမာရေးဌာန ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up