မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၅ ဦး ထပ်တွေ့ ၊ စုစုပေါင်း ၈၇၀ ကျော်ထိ ရှိလာ
DVB
·
November 14, 2020
မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၅ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ရောဂါပိုး တွေ့ရှိမှုအရ ကျိုက်ထိုမြို့နယ် ၈ ဦး၊ မော်လမြိုင်၊ မုဒုံနဲ့ ရေးမြို့နယ် ၁ ဦး၊ ကျန် ၄ ဦးမှာ တခြားတိုင်းနဲ့ပြည်နယ်ကလာတဲ့ ကုန်တင်ကားယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ သက်ဆိုင်ရာ မြို့နယ်တွေက အသွားအလာ ကန့်သတ်ထားတဲ့ ကွာရန်တင်း camp တွေမှာ စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကျိုက်ထိုမြို့နယ်က ကိုဗစ်အတည်ပြုလူနာ ၈ ဦးမှာ ၃ ဦးဟာ ဘယ်ကကူးစက်မှန်းမသိတဲ့သူတွေ ပါဝင်နေပါတယ်။
မွန်ပြည်နယ်မှာတော့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၈၇၄ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ၁၀ ဦး သေဆုံးထားပါတယ်။