ရှစ်လေးလုံး ငွေရတုနှင့်ပတ်သက်ပြီး ဦးကိုကိုကြီးကို မေးမြန်းချက်
မျိုးဇော်လင်း
·
August 8, 2013
၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံလှုပ်ရှားမှုဟာ အခုဆို ၂၅ နှစ်ပြည့် ငွေရတုတိုင်ခဲ့ပြီဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်း တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားနဲ့ ပြည်သူတွေကို စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
ဒီနှစ်ကျင်းပတဲ့ ၂၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားကို အစိုးရတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့သလို အကြီးအကျယ် ကျင်းပခွင့်ရခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံအတွင်း ဦးဆောင်ပါဝင်ခဲ့ သူတဦးလည်းဖြစ်၊ နှစ်ရှည်ထောင်ဒဏ်လည်း ချမှတ်ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။