ကိုဗစ်လူနာသစ် ၁,၁၄၅ ဦးတွင် ရန်ကုန်က ၈၀၇ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၂၄၉ ဦးပါဝင်
DVB
·
November 13, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၄၅ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၈၀၇ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာ ၉၅ ယောက်၊ မြောက်ဉက္ကလာပ ၆၃ ယောက်၊ မင်္ဂလာဒုံ ၅၉ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၀ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၄ ခုမှာ ၉၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၃ ခုမှာ ၇၇ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၃၈ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ ၃၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၇ ခုမှာ ၃၅ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၂၂ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၂ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုမှာ ၇ ယောက်၊ နေပြည်တော်မြို့နယ် ၃ ခုမှာ ၇ ယောက်၊ ကချင်ပြည်နယ်၊ မိုးမောက် မြို့နယ်မှာ ၃ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ၁ ယောက်၊ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ၁ ယောက်နဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ၁ ယောက်စီအသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၄၉ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၅,၅၉၈ ယောက်၊ သေဆုံးသူ ၁,၅၀၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၉,၅၆၃ ယောက်ရှိ ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၃ သန်းကျော်၊ သေဆုံး သူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၇ ဒသမ ၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။