Homeမြန်မာသတင်း
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဒေသဦးစီးဥက္ကဋ္ဌအပါအဝင် လက်ရှိလွှတ်တော်အမတ်အများစုနိုင်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဒေသဦးစီးဥက္ကဋ္ဌအပါအဝင် လက်ရှိလွှတ်တော်အမတ်အများစုနိုင်
DVB
·
November 13, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒေသဦးစီးဥက္ကဋ္ဌအပါအဝင် လွှတ်တော်အမတ်အများစုက ၂၀၂၀ ရွေးကောက်ပွဲမှာ နောက် တကြိမ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရတယ်လို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်ထံက သိရပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမှတ် ၉ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာမှာ လက်ရှိအမတ် ဒေါ်မမလေးဟာ ၅၄,၂၃၁ မဲနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း လက်ရှိရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်ကို အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် နေရာမှာ လက်ရှိအမတ် ဦးအောင်စိုးမင်းက ၂၄,၄၁၇ မဲနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိခဲ့ပါတယ်။
ပင်းတယ အမှတ် ၁ ပြည်နယ်လွှတ်တော်နေရာမှာ လက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက ၁၄၂၄၇ မဲနဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိပါတယ်။
ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် လက်ရှိအမတ် ဦးအောင်စိုးမင်းက ၂၄,၄၁၇ မဲနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းကိုအနိုင်ရရှိခဲ့သလို၊ အမှတ် ၁ ပြည်နယ်လွှတ်တော်နေရာမှာလည်း လက်ရှိအမတ် ဦးအေးမင်းစိုးက ၁၂,၃၁၀ မဲနဲ့နိုင်ကာ၊ အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာမှာ လူသစ်ဦးစိုင်းဝဏ္ဏက ၁၁,၉၁၄ မဲနဲ့အနိုင်ရပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၁၂၃,၁၂၄ ဦးရှိပြီး၊ ၁၁၀,၀၀၀ လောက် မဲပေးခဲ့ကြပါတယ်။ ဒီဒေသမှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေး ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဓနုအမျိုးသားဒီမိုကရေစီပါတီ၊ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ အပါအဝင် ပါတီပေါင်း ၆ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
သတင်း - နန်းစပယ်