
Lead Story နိုင်ငံတကာ သတင်း အားကစား
ရက်ရှ်ဖို့ဒ်နှင့် ကိုအာဒီတို့ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်
Email This Story :
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ နောက်ခံလူ ကိုအာဒီတို့ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားပါတယ်။
ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပခုံးဒဏ်ရာ မသက်သာတာကြောင့် အိုင်ယာလန်ကို ၃ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ပွဲကို လွဲချော်ခဲ့ပြီး နောက်ထပ် ၂ ပွဲမှာလည်း ပါဝင်ကစားနိုင် မှာ မဟုတ်တော့ပါဘူး။
ဝုဗ်အသင်းခေါင်းဆောင် ကိုအာဒီကတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူနဲ့ ထိတွေ့မှုရှိ ခဲ့တာကြောင့် အသင်းကနေ ပြန်လည်စေလွှတ်ခဲ့တာပါ။
နှစ်ဦးစလုံးကို အသုံးပြုခွင့်ရမှာ မဟုတ်လို့ စိတ်ပျက်မိပြီး ခြေစွမ်းပြနေတဲ့ နောက်ခံလူ ကိုအာဒီအတွက်လည်း စိတ်မကောင်းမိကြောင်း နည်းပြ ဆောက်ဂိတ်ကပြောပါတယ်။
အင်္ဂလန်အသင်းဟာ ဝင်ဘာလေမှာကစားခဲ့တဲ့ အိုင်ယာလန်နဲ့ခြေစမ်းပွဲမှာတော့ မက်ဂွဲယား၊ ဆန်ချိုနဲ့ ကယ်လ်ဗက်လီဝင်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရ ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နိုဝင်ဘာ ၁၆ ရက်မှာ ဘယ်လ်ဂျီယံ၊ နိုဝင်ဘာ ၁၉ ရက်မှာ အိုက်စလန် အသင်းတွေနဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ဆက်ကစားရမှာဖြစ်ပါတယ်။