ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ အထောက်အထားမဲ့ ပြောဆိုချက်တွေ အတိုင်းလိုက်လုပ်တဲ့ ရီပတ်ဘလီကန်တွေဟာ ဒီမိုကရေစီကို ထိခိုက်စေတယ်လို့ အမေရိကန်သမ္မတဟောင်း အိုဘားမားက ဝေဖန်ပြောပါတယ်။
CBS ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတဟောင်း အိုဘားမားက ဂျိုးဘိုင်ဒင်ဟာ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲ မသမာမှု ရှိတယ်လို့ သမ္မတ ထရမ့်က ဆိုပြီး တရားစွဲဆိုဖို့ ကတိုက်ကရိုက်ဆောင်ရွက်ခဲ့ပါတယ်။ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့အနေနဲ့ သူတို့ပြောဆိုချက်ကို အထောက်အထား မပြနိုင်သေးပါဘူး။
သမ္မတ ထရမ့်ဟာ ရွေးကောက်ပွဲမှာ မရှုံးချင်တာကြောင့် မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ် ပေါက်လာတယ်လို့ သမ္မတဟောင်း အိုဘားမား ပြောပါတယ်။ အဲဒါကိုလိုက်လုပ်ကြတဲ့ ရီပတ်ဘလီကန်တွေကြောင့်လည်း စိတ်အနှောင့်အယှက် ပိုဖြစ်ရ တယ်လို့ အိုဘားမားက ဆိုပါတယ်။
ဒါဟာ လာမယ့် ဘိုင်ဒင်အစိုးရကိုတင် မဟုတ်ဘဲ ယေဘုယျအားဖြင့် ဒီမိုကရေစီကို တရားမဝင် ဖြစ်အောင်လုပ်တဲ့ ခြေလှမ်း တစ်ရပ်ဖြစ်တယ်လို့ သမ္မတဟောင်း အိုဘားမားက ပြောပါတယ်။