ရှစ်လေးလုံးအရေးတော်ပုံငွေရတုကာလ ဗကပ ပြောခွင့်ရသူနှင့် မေးမြန်းချက်
အေးနိုင်
·
August 8, 2013
၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံရဲ့ တောင်းဆိုချက်ဟာ လက်ရှိဖြစ်နေတဲ့ လွှတ်တော်တွေမှာ စစ်ဗိုလ်တွေ လွှမ်းမိုးတာနဲ့ယှဉ်ရင် ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ပြောဆိုပြီး နောက်ထပ်အရေးတော်ပုံတခုဆီကို တွန်းပို့နေတယ်လို့ သတိပေးလိုက်ပါတယ်။
အရင် စစ်အစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီဟာ ရှစ်လေးလုံးဆူပူအကြမ်းဖက်မှုကို နောက်ကွယ်က ကြိုးကိုင်စီမံခဲ့တယ်လို့ ကြေညာပြီး မတရားသင်းအဖြစ် ကြေညာထားပါတယ်။ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်းကို ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
[caption id="attachment_20493" align="alignright" width="300" caption="ရဲဘော်ဖိုးသံချောင်း"][/caption]