ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ဖို့ ၇ ဂိုးသာ လိုအပ်တော့မှာပါ။
မနေ့ညက အန်ဒိုရာနဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ရော်နယ်ဒိုက လူစားဝင်ကစားခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီဂိုးက သူ့အတွက် ၁၀၂ ဂိုးမြောက် ဂိုးဖြစ်ခဲ့ပြီး အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီစံချိန်တင်ထားတဲ့ ၁၀၉ ဂိုးမှတ်တမ်းကို မီဖို့ ၇ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် ကလပ်အသင်းအတွက်လည်း ခြေစွမ်းဂိုးတွေ သွင်းယူနိုင်ခဲ့သလို ပေါ်တူဂီအသင်းမှာ လည်း ပြန်လည်ပါဝင်ကစားနိုင်ခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ စနေနေ့မှာ ပြင်သစ်နဲ့ နေးရှင်းလိဂ်ပွဲစဉ် ကစားရဖို့ရှိပြီး အင်္ဂါနေ့မှာ ခရိုအေးရှား နဲ့ ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။