ရုရှားထုတ်ကိုဗစ်ကာကွယ်ဆေး ထိရောက်မှု ၉၂ ရာခိုင်နှုန်းရှိ

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး Sputnik V ဟာ ထိရောက်မှု ၉၂ ရာခိုင်နှုန်း ရှိတာကို ကြားဖြတ်စမ်းသပ်မှု ရလာဒ်တွေက ပြထားတယ်လို့ ရုရှားရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ sovereign wealth fund က နိုဝင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။ ကာကွယ်ဆေး ထိုးဆေး ရရှိရေး အနောက်ဥရောပ ဆေးဝါးထုတ်လုပ်သူတွေနဲ့ အပြိုင် ရုရှားက အမီလိုက်လာတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  လူပေါင်း ၁ ဒသမ ၂သန်းကျော် သေဆုံးပြီး ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟန့်တားရေး ကာကွယ်ဆေးကို လူနဲ့ နောက်ဆုံးအဆင့် စမ်းသပ်ချက် ကနဦး ရလဒ်တွေကိုလည်း ဖြန့်ချိလိုက်ပါတယ်။  စမ်းသပ်ချက် ပုံစံနဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ကြားသိရသမျှအရ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အဓိပ္ပာယ်ဖော်ရတာ အင်မတန် ခက်ခဲတယ်လို့ လွတ်လပ်တဲ့ ပညာရှင်တွေက ပြောပါတယ်။ ပီဖစ်ဇာနိုင်ငံတကာကော်ပိုရေးရှင်းနဲ့ ဘိုင်အိုအန်တက်ခ်ကုမ္ပဏီတို့က သူတို့ရဲ့ ကာကွယ်ဆေး ထိုးဆေးဟာ ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတယ်လို့ နိုဝင်ဘာ ၉ ရက် တနင်္လာနေ့မှာ ပြောပါတယ်။ ပီဖစ်ဇာရဲ့ ကာကွယ်ဆေးသတင်း တနင်္လာနေ့မှာ ထပ်ဆင့်ကြေညာအပြီးမှာ ကမ္ဘာ့ စတော့ရှယ်ယာ ဈေးနှုန်းဟာ စံချိန်တင် မြင့်တက်ခဲ့သလို ဥရောပနဲ့ အမေရိကန် စတော့ဈေးကွက် အနာဂတ်ဟာလည်း နည်းနည်း မြင့်တက်ခဲ့ပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up