ထိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို လူထောင်ချီ ကန့်ကွက်ဆန္ဒပြ

ဓာတ်ပုံ - ဘန်ေကာက်ပုိ့စ်
ဒီဗွီဘီထိုင်းနိုင်ငံမှာ အတိုက်အခံ ဒီမိုကရက်ပါတီနဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူ ၂၅၀၀ လောက်ဟာ ပါလီမန်မှာ ဆွေးနွေးနေတဲ့ အငြင်းပွားဖွယ်ရာ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ ပါလီမန်ဆီ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ [caption id="attachment_42353" align="alignright" width="300" caption="ဓာတ်ပုံ - ဘန်ကောက်ပို့စ်"][/caption] ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့ လက်ရှိအာဏာရ ဖွေ့ထိုင်းပါတီက ရေးဆွဲတဲ့ ဒီဥပဒေကြမ်းကို ဒီနေ့ မွန်းလွဲပိုင်းကပါလီမန်မှာ ဆွေးနွေးကြစဉ် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေက လမ်းကနေဖြတ်ပြီး တားဆီးခဲ့လို့ ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် ဒီမိုကရက်ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဖိဆစ်ဝိချာချီဝက လူစုခွဲဖို့ ပြောခဲ့တဲ့အတွက် ဆန္ဒပြသမားတွေက လူစုခွဲသွားခဲ့ကြပါတယ်။ ဒီဥပဒေကြမ်းဟာ လက်ရှိဝန်ကြီးချုပ် ယင်လပ်ရဲ့အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နာဝပ်နဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြသူတွေကို အပြစ်ကနေလွတ်အောင် ချေဖျက်ပေးနိုင်မယ်လို့ ဆန္ဒပြသူတွေက ယုံကြည်တဲ့အတွက် ကန့်ကွက်ကြတာလည်း ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘိဆစ်ကတော့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းဟာ နိုင်ငံရဲ့ တရားရေးစနစ်ကို ဖျက်ဆီးပစ်မယ့် ဥပဒေဖြစ်လို့ သူ့ဒီမိုကရက်ပါတီနဲ့ ပါတီထောက်ခံသူတွေက ဆန့်ကျင်ရတာလို့ ပြောပါတယ်။ တချိန်တည်းမှာလိုပဲ တပ်ဆင်ဆင်ရှင်နာဝပ်ကိုဖြုတ်ချခဲ့တဲ့ အ၀ါရောင်ဝတ် ပြည့်သူ့ဒီမိုကရေစီအင်အားစုတွေကလည်း ဘန်ကောက်မြို့လယ် လုပနီဥယာဉ်မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း ဒီလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေဟာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်သူတွေကို အပြစ်က ကင်လွတ်ခွင့်ပေးလိုက်တာဖြစ်လို့ ဒီဥပဒေကို အတည်မပြုဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။    

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up