ရီးရဲလ်တသင်းလုံး သေသည်အထိ ဇီဒန်းဘက်တွင် ရပ်တည်နေမည်ဟု ကာဗာဟယ် ထုတ်ပြော

ရီးရဲလ်မက်ဒရစ်တစ်သင်းလုံဟာ သေတဲ့အထိ နည်းပြဇီဒန်းနဲ့အတူ ရှိနေမှာမယ်လို့ နောက်ခံလူ ဒန်နီကာဗာဟယ်က ပြောပါတယ်။  ရီးရဲလ်အသင်းမှာ ပြဿနာရှိနေတယ်လို့ ပြောဆိုမှုတွေထွက်ပေါ်လာပြီး  နောက်မှာ နောက်ခံလူက နည်းပြဘက်က ထောက်ခံပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။  ရီးရဲလ်အသင်းဟာ အခုရာသီအစပိုင်းမှာ ရလဒ်ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဇီဒန်းဟာ အသင်းမှာ ဆက်ရှိသင့်သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  ဇီဒန်းရဲ့အသင်းဟာ လာလီဂါ ၈ ပွဲအပြီးမှာအဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ၉ မှတ်ရနိုင်ချေရှိမှုကနေ ၄ မှတ်သာရယူထားနိုင်ပါတယ်။ ရီးရဲလ်အသင်းဟာ ဒုတိယမြောက်ပြည်တွင်းရှုံးပွဲအဖြစ်  ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဗလင်စီယာ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီပွဲမှာ ကစားသမားတချို့ဟာ ပုံမှန်ခြေစွမ်း အောက် သိသိသာသာ ကျဆင်းနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အသင်းရလဒ်တွေနဲ့ပတ်သက်ပြီး ဇီးဒန်းအပေါ်ဝေဖန်မှုတွေ ရှိလာချိန်မှာ သူ့ရဲ့နည်းပြရာထူး အတွက်လည်း လှုပ်ခတ်မှု အနည်းငယ်ပေါ်ပေါက်လာပါတယ်။  ထွက်ပေါ်လာတဲ့သတင်းတွေမှာ ဇီဒန်းနေရာကို အစားထိုးဖို့ ကစားသမားဟောင်းရာအူးလ်နဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုတို့ကို ဆက်သွယ်နေတယ်လို့ ရေးသားထားတာလည်း တွေ့ရပါ တယ်။  ဒါပေမဲ့ အသင်းရဲ့လူစာရင်း တခုလုံးကတော့ ဇီဒန်းရဲ့ နောက်မှ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝထောက် ခံမှုရှိတယ်လို့ ကာဗာဟယ်ကပြောပါတယ်။ “ကျနော်တို့ သေတဲ့အထိ နည်းပြဘက်က ရပ်တည်သွားမှာပါ။ အသင်းရော၊ ကစားသမားတွေ ဟာလည်း နည်းပြဘက်မှာပါပဲ။ နည်းပြရဲ့ခံယူချက်က အားလုံးဟာ တသားတည်းဖြစ်ပြီး ဦးတည်ချက်တခုတည်းကိုပဲ သွားနေကြသူတွေပါ။ ဒါဟာ ဇီဒန်းအသင်းမှာရှိတဲ့ ၃ နှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့အရာလည်း ဖြစ်ပါတယ်”  လို့ Marca သတင်းကို ပြောခဲ့ပါတယ်။  ဥရောပမှာ အအောင်မြင်ဆုံးအသင်းဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေဟာ မြင့်မားစွာရှိနေပြီး အသင်းရဲ့ရလာဒ် ဒါမှမဟုတ် စွမ်းဆောင်ရည်မကောင်းခဲ့ ဘူးဆိုရင် ပြောဆိုဝေဖန်မှုတွေနဲ့ ကြုံတွေ့ရစမြဲဖြစ်တယ်လို့လည်း ကာဗာဟယ်ကပြောပါတယ်။   “ကျနော်တို့ ပြိုင်ပွဲကြီးမှာ အင်တာမီလန်အသင်းကို အနိုင်ယူပြခဲ့ပြီး ဗလင်စီယာလို ခက်ခဲတဲ့ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ပါတယ်။တခါတရံမှာ ကျနော်တို့ ပွဲတိုင်းကို အနိုင်မရနိုင်ပါဘူး။ ဒါ့ကြောင့် ကျနော်တို့ ပြသနာနဲ့ကြုံတွေ့နေရပြီလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီလို အတက်အကျတွေ၊ ချီးကျူးမှု၊ ဝေဖန်မှုတွေနဲ့ နေသားတကျ ဖြစ်လာပါလိမ့်မယ်”လို့လည်း စပိန်လက်ရွေးစင်ကစားသမားက ပြောခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up