ဥပဒေကြမ်း ၂ ခု ပြည်သူ့လွှတ်တော် အတည်ပြု

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကြမ်းနဲ့ ဆက်သွယ်ရေးဥပဒေကြမ်းတို့ကို ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ တောင်သူလယ်သမားဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို ပေးပို့ပြီး၊ အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။ အလားတူ ဆက်သွယ်ရေးဥပဒေကြမ်းကလည်း ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အမျိုးသားလွှတ်တော်ကို ပေးပို့ခဲ့တာဖြစ်လို့ အမျိုးသားလွှတ်တော်မှာ ဆက်ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမားဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အခွင့်အရေးဆိုတာ ရှေ့ကထည့်သွင်းပြီး တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေလို့ နာမည်ပြောင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up