Homeမြန်မာသတင်း
ကော်မရှင်နှင့်တပ်မတော်ပေါင်းပြီး ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် ကြံ့ခိုင်ရေးပါတီတောင်းဆို
ကော်မရှင်နှင့်တပ်မတော်ပေါင်းပြီး ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် ကြံ့ခိုင်ရေးပါတီတောင်းဆို
DVB
·
November 11, 2020
တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်တဲ့အတွက် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒီနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းမှာ ပြောဆိုလိုက်ပါတယ်။
ဘက်လိုက်မူကင်းပြီး မတရားနည်းနဲ့ မဲဆွယ်တာမရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တပ်မတော်ပူးပေါင်းကာ စည်းကမ်းကျတဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့လည်း ကြံ့ခိုင်ရေးပါတီက တောင်းဆိုလိုက်ပါတယ်။
Photo - Ko Ye / MPA