ဟောင်ကောင် သတင်းထောက် ၁ ဦး ကြေညာချက်အမှား ဖန်တီးမှုစွဲချက်ဖြင့် တရားရင်ဆိုင်ရ

လူရမ်းကားတွေရဲ့ တိုက်ခိုက်မှုကို ရဲက ကိုင်တွယ်ပုံအပေါ် သတင်းမှတ်တမ်းလုပ်ရာမှာ သတင်းအချက်အလက်တွေကိုရဖို့ ကြေညာချက်အမှားကို ဖန်တီးမှုစွဲချက်နဲ့ ဟောင်ကောင် သတင်းထောက်တယောက် တရားရုံးကို နိုဝင်ဘာ ၁၀ ရက်မှာ ရောက်လာပါတယ်။ ဒါကြောင့် တရုတ်ပြည်မကြီးက အုပ်ချုပ်နေတဲ့ ဟောင်ကောင်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်မှုကို မီးထိုးပေးသလို ဖြစ်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဘောင်ချွိုင်ဟာ ဒေသခံ ရုပ်သံ RTHK ရဲ့ အလွတ်တန်း ရုပ်သံ ထုတ်လုပ်ရေးမှူးပါ။ စုံစမ်းဖော်ထုတ်မှုဆိုင်ရာ ရုပ်သံသတင်းမှတ်တမ်းအတွက် ကားမှတ်ပုံတင်ဆိုင်ရာ သတင်း အချက်အလက်နဲ့ပတ်သက်ပြီး အရင်အပတ်က အဖမ်းခံရပါတယ်။ ၂၀၁၉ ဇူလိုင်တုန်းက ဘူတာရုံတခုအတွင်း ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ၊ ဘေးမှာ ရပ်ကြည့်နေသူတွေနဲ့ သတင်းထောက်တွေကို တီရှပ်ဖြူဝတ် တုတ်ကိုင်အမျိုးသား အယောက် ၁၀၀ ကျော်က တိုက်ခိုက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီတိုက်ခိုက်မှုအပေါ် တုံ့ပြန်ပုံကို ရုပ်သံမှတ်တမ်းထဲမှာ စစ်ဆေး ဖော်ထုတ် ထားပါတယ်။ ရဲတွေက တုံ့ပြန်ပုံ နှေးတယ်ဆိုတဲ့ အချက်ကို အသားပေးထားပါတယ်။ တိုက်ခိုက်မှု နောက်ကွယ်က လူတွေကို ခြေရာခံဖို့ တိုက်ခိုက်တဲ့ညက ရုပ်သံမှတ်တမ်းထဲမှာ မြင်နေရတဲ့ ကားတချို့ကို ဘယ်သူပိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်ကိုလဲ RTHK ရုပ်သံက ရရှိခဲ့ပါတယ်။ ပိုင်ရှင် ဘယ်သူဆိုတဲ့ အချက်အလက်ကိုရဖို့ သတင်းထောက်ချွိုင်ဟာ ကြေညာချက် အတုတွေ လုပ်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေက ဆိုပါတယ်။ တရားစွဲခံ သတင်းထောက် တရားရုံးက ပြန်ထွက်လာချိန်မှာ သူ့ကို ထောက်ခံသူတွေက ဆီးကြိုပွေ့ဖက်ခဲ့ပါတယ်။ သူ့အမှုကို ဇန်နဝါရီ ၁၄ ရက်မှာ ကြားနာဖို့ ရွှေ့ဆိုင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up